ဘဝအစက
အနှုတ်လက္ခဏာနဲ့
မိုက်ရူးရဲစွာ
ဒီလမ်းကို စတင်လျှောက်ခဲ့ကြတယ်
ရှေ့မှာဘာတွေ့မလဲမသိ။
အကြမ်းတမ်းဆုံးမုန်တိုင်း
လှိုင်းတံပိုးတွေကြားထဲ
သစ်နှစ်ပင်မယိုင်လဲအောင်
အချင်းချင်းထောက်ကူခဲ့ကြတယ်
လက်တွေကိုင်ဆွဲထားရင်းနဲ့။
မျှော်လင့်ချက်အသစ်ဆိုတာကို
အဓိပ္ပါယ်ဖွင့်ဆိုဖို့
အကြွေးဟောင်းဆပ်နေရင်းနဲ့
အကြွေးအသစ်လည်း ချခဲ့တယ်
လူပီသတဲ့ စိတ်နဲ့။
ဘဝဆိုတာ.... တိုက်ခိုက်ရုန်းကန်ခြင်း
ဘဝဆိုတာ.... ထွန်ယက်စိုက်ပျိုးခြင်း
ဘဝဆိုတာ.... ပြုစုပျိုးထောင်ခြင်း
ဘဝဆိုတာ.... သင်ကြားပြသခြင်း
ဘဝဆိုတာ.... လွဲပြောင်းပေးအပ်ခြင်း
ဘဝဆိုတာကို
နောက်ဆုံးနေဝင်ချိန်အထိ
သစ္စာတရားကို ရှာဖွေရင်းနဲ့
အဆုံးသတ်ချင်တယ်
ငြိမ်းချမ်းရာနေရာတစ်ခုအတွက်.....။
(မင်းမွန်သစ်)
10/08/2021

No comments:
Post a Comment