ကိုယ်ပိုင်အလင်းတွေကိုမှ
တန်ဖိုးအစစ်လို့ထင်တော့
ငါ ဟာ......
ကိုယ့် မြေကိုယ် ရှင်း
ကိုယ့် ထွန်ကိုယ် ယက်
ကိုယ့် မျိုးကိုယ် ကျဲ
ကိုယ့် ပျိုးကိုယ် ထောင်ရင်း
အလင်းတစ်စက်ရဖို့
စိုက်ပျိုးခဲ့ရသူပါ။
အဲ့ဒီ...... အလင်းတစ်စက်
ဆက်လက်ရှင်သန်နိုင်ဖို့လည်း
ကိုယ့်ကိုကိုယ် ထွန်းညှိ
ကိုယ့်ကိုတိုင် လောင်ကျွမ်း
မီးဇာမကုန်ခမ်းသ၍ အပူခံ
ကိုယ်ကိုတိုင် အလင်းတိုင်ဖြစ်လို့။
မျှော်လင့်ချက် ဗလာနတ္ထိနဲ့
ငါ့အတွက်တော့ ပါရမီဆိုတာ
မွေးရာပါတော့ မဟုတ်ခဲ့။
ဒီနေ့အတွက်တော့ ဆုလဒ်အဖြစ်
ခပ့်ရင့်ရင့် ပန်းတစ်ပွင့်နဲ့
တောက်ပပ အနာဂတ်တစ်ခု
ငါ့လက်ထဲမှာထုဆစ်လို့။
(မင်းမွန်သစ်)
၁၀-၈-၂၀၂၀

No comments:
Post a Comment