Monday, August 10, 2020

အလင်းတစ်ခုရဲ့ ဒဏ္ဍာရီ




ကိုယ်ပိုင်အလင်းတွေကိုမှ

တန်ဖိုးအစစ်လို့ထင်တော့ 

ငါ ဟာ...... 

ကိုယ့် မြေကိုယ် ရှင်း

ကိုယ့် ထွန်ကိုယ် ယက်

ကိုယ့် မျိုးကိုယ် ကျဲ 

ကိုယ့် ပျိုးကိုယ် ထောင်ရင်း

အလင်းတစ်စက်ရဖို့ 

စိုက်ပျိုးခဲ့ရသူပါ။  


အဲ့ဒီ...... အလင်းတစ်စက် 

ဆက်လက်ရှင်သန်နိုင်ဖို့လည်း

ကိုယ့်ကိုကိုယ် ထွန်းညှိ

ကိုယ့်ကိုတိုင် လောင်ကျွမ်း 

မီးဇာမကုန်ခမ်းသ၍ အပူခံ

ကိုယ်ကိုတိုင် အလင်းတိုင်ဖြစ်လို့။


မျှော်လင့်ချက် ဗလာနတ္ထိနဲ့ 

ငါ့အတွက်တော့ ပါရမီဆိုတာ 

မွေးရာပါတော့ မဟုတ်ခဲ့။


ဒီနေ့အတွက်တော့ ဆုလဒ်အဖြစ် 

ခပ့်ရင့်ရင့် ပန်းတစ်ပွင့်နဲ့ 

တောက်ပပ အနာဂတ်တစ်ခု

ငါ့လက်ထဲမှာထုဆစ်လို့။ 


(မင်းမွန်သစ်)

၁၀-၈-၂၀၂၀

Sunday, August 9, 2020

Public Area (သို့) အများပိုင်နေရာ

 





 

တစ်ချို့ကတော့ စိတ်အမောတွေပြေဖို့.... 

တစ်ချို့ကတော့ လွတ်လပ်စွာပျံသန်းဖို့....

တစ်ချို့ကတော့ ကစားနည်းပေါင်းစုံဆော့လို့....

တစ်ချို့ကတော့ မီးစကြာလေးတွေ့လွတ်လို့.... 

တစ်ချို့ကတော့ ရင်ခုန်သံကာရန်ညှိဖို့....

တစ်ချို့ကတော့ သံစဉ်ချိုရင်ဖွင့်ကာဆိုဖို့.... 


ရည်ရွယ်ချက်အမျိုးမျိုးနဲ့

ရောက်လာခဲ့တယ် ဒီနေရာ.....

နှလုံးသားနဲ့ဖွဲ့တည်ရာ ကဗျာ 

ငါတို့အားလုံးရဲ့ အများပိုင်နေရာ။


(မင်းမွန်သစ်)

၉-၈-၂၀၂၀